University of Computer Studies(Lashio)
ကွန်ပျူတာတက္ကသိုလ်(လားရှိုး) ကျောင်းတည်နေရာနှင့် အကျယ်အဝန်း၊ သမိုင်းအကျဉ်း
တည်နေရာ
လားရှိုးမြို့နှင့်(၇)မိုင်ကွာဝေးပြီး မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပါသည်။
အကျယ်အဝန်း
၁၁၂.၂၂ ဧက
အစိုးရကွန်ပျူတာကောလိပ်စတင်ဖွင့်လှစ်ခဲ့သည့်နေ့
၄.၉.၂၀၀၀
ကွန်ပျူတာတက္ကသိုလ်အဖြစ်တိုးမြှင့်ဖွင့်လှစ်ခဲ့သည့်နေ့
၂၀.၁.၂၀၀၇
ရည်ရွယ်ချက်
ကွန်ပျူတာ Software နှင့် Hardware ပညာရှင်များ မွေးထုတ် ပေးခြင်း၊ Hardware Design များတီထွင်ပေးခြင်း ၊ တပ်ဆင်ပေး ခြင်း စမ်းသပ်ပေးခြင်း၊ အသုံးချခြင်းများကို လက်တွေ့ ဆောင် ရွက်နိုင်ရန်
နိုင်ငံတူကာနှင့် ရင်ဘောင့်တန်းနိုင်သော သတင်းအချက်အလက် နှင့် နည်းပညာကို တိုးတက်စေရန်
တက္ကသိုလ်၏မျှော်မှန်းချက်များ
လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျပြုစုပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံနှင့် လူမျိုး၏အကျိုးကို သယ်ပိုးထမ်းရွက်နိုင်မည့် အရည်အချင်း ပြည့်ဝသော ICT ပညာရှင်များ၊ ကွန်ပျူတာ ပညာရှင်များ ပြုစုပျိုးထောင်မွေးထုတ်ပေးရန်။
လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့်
သင်ကြား ရေးနှင့် သုတေသနနယ်ပယ်များတွင် နိုင်ငံတကာအဆင့်သို့ ရောက်ရှိလာစေရန်နှင့် နိုင်ငံတကာအဆင့်မီတက္ကသိုလ်တစ်ခုအဖြစ်သို့ အမြန်ဆုံးလျှောက်လှမ်းနိုင်စေရန်
တက္ကသိုလ်၏ လုပ်ငန်းတာဝန်များ
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် … အထောက်အကူဖြစ်စေမည့် … ကွန်ပျူတာလက်တွေ့အသုံးချ လုပ်ငန်းခွင် ဝင်ရောက်နိုင်သူများ၊ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရေး ဆောင်ရွက်သွားရန်
ICT နယ်ပယ်များတွင် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများအား ရယူဆောင်ရွက်နိုင်မည့် အရည်အသွေးများပြည့်မှီသော ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်
ICT နယ်ပယ်နှင့်ကွန်ပျူတာအသုံးချသုတေသနလုပ်ငန်းများအား နိုင်ငံတကာ နှင့် ရင်ဘောင်တန်းလာနိုင်ရေး ဆောင်ရွက်သွားရန်
ဒေသခံပြည်သူများကြား ICT နှင့် ကွန်ပျူတာပညာရပ်ဆိုင်ရာဗဟုသုတများ ပိုမိုတိုးပွားလာစေရေး ဆောင်ရွက်သွားရန်
တက္ကသိုလ်အားရှေးဦးစွာ အာဆီယံဒေသအဆင့်၊ ထိုမှတဆင့် အာရှဒေသအဆင့်၊ ထို့နောက် နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်တစ်ခုအဖြစ်သို့ လျာထားကာလများအတွင်း တိုးမြှင့်အကောင်အထည်ဖော်လာနိုင်စေရေး ဆောင်ရွက်သွားရန်
Contact
7 Miles from Lashio, Between Mel-Han & Loi-Lwam villages, on Mandalay-Lashio Union road, Lashio
+9595262633
Monday - Friday, 09:00 AM - 04:00 PM